တူနာငါးသေတ္တာဗူးတွေက သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်
30-Oct-2016
တူနာငါးသေတ္တာဗူးတွေဟာ ကျန်းမာရေးအဖို့ အန္တရာယ်ဖြစ်စေတဲ့ မာကျူရီနဲ့ ပိုလီခရိုရီနိပ်တက် ဘိုင်ဖင်နီးလ်း (polychlorinated biphenyls) တွေပါဝင်ပါတယ်။ ဒီပါဝင်ပစ္စည်းနှစ်မျိုးဟာ ပင်လယ်ရေမှာ တည်ရှိနေတဲ့ ပင်လယ်ထဲက အနည်အနှစ်တွေ ဖြစ်ကြပါတယ်။သို့သော် သိပ္ပံပညာရှင်တွေ အဆိုအရ တူနာငါးတွေမှာ ငါးမန်းနဲ့ ဓားရှည်နှုတ်သီးငါးများနဲ့ ယှဉ်ရင် ဒီအသက်အန္တရာယ်ဖြစ်စေတဲ့ အဆိပ်အတောက်ပမာဏရဲ့ သုံးပုံတစ်ပုံသာ ပါဝင်ပါတယ်။ အဓိကအကြောင်းအရင်းက ဒီငါးများမှာ အစားအစာ အဆင့်ကဲ ပြောင်းလဲမှုဖြစ်စဉ် နည်းနေခြင်းကြောင့် ဖြစ်ပါတယ်။အမျိုးသားတွေအနေနဲ့ တစ်ပတ် တူနာငါး ၄ ကြိမ်ထက် ပိုမစားသင့်ဘဲ အမျိုးသမီးတွေအနေနဲ့ တစ်ပတ် ၂ ကြိမ်ထက်ပို မစားသင့်ကြောင်း အကြံပြုထားပါတယ်။တူနာငါးတွေမှာ အဆီကင်းပြီး ကျန်းမာရေးနဲ့ သင့်လျှော်တဲ့ ငါးအမျိုးအစားထဲ ပါဝင်ပါတယ်။ သူ့မှာ သိသာထင်ရှားပြင်းပြတဲ့ အနံ့အသက်ရှိပြီး အဆီများတဲ့ အသား ပေါကြွယ်ဝပါတယ်။ ပြီးတော့ တူနာငါးက ကာဗွန်ဟိုက်ဒရိုက်၊ ပရိုတင်းဓာတ် ပေါကြွယ်ပါတယ်။အန္တရာယ်လျော့နည်းသွားစေဖို့အတွက် အထူးသတိထားပြီး ငါးသေတ္တာထဲမှ အဆီအားလုံး စစ်ထုတ်ဖို့ မမေ့ပါနဲ့။
Healthcare.com.mm
Credit: : Victor.PaaTung
Source: Trend Myanmar
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

